ကမ္ဘာပေါ်ရှိ လူသားတို့သည် ပျော်ရွှင်ခြင်းကို ရှာဖွေနေကြသော်လည်း ပျော်ရွှင်ခြင်းအစစ်ကို ရှာမတွေ့နိုင် ဖြစ်နေကြသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၆ဝဝ-ကျော်က မြတ်ဗုဒ္ဓသည် မဟာဗောဓိပင်အောက်တွင် သစ္စာလေးပါးကို သိမြင်တော်မူကာ ဘုရားအဖြစ်ကို ရောက်ရှိခဲ့သည်။ မွေးဖွားခြင်းကင်းရာဖြစ်သော၊ သံသရာမှ လွတ်မြောက်ကြောင်းဖြစ်သော ငြိမ်အေးချမ်းသာခြင်းအစစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။
မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်သို့ရောက်ရှိပြီး ကိုးလအကြာ တပို့တွဲလပြည့်ညတွင် ဧဟိဘိက္ခုများဖြစ်ကြသော ရဟန္တာအရှင်မြတ် ၁၂၅ဝ-ပါးတို့အား ဗုဒ္ဓသာသနာ၏ မူဝါဒ၊ စည်းကမ်းချက်များနှင့် ကျင့်ကြံအားထုတ်ရမည့်နည်းလမ်းများ ပါဝင်သော “သြဝါဒပါတိမောက်” ကို ဟောမိန့်တော်မူခဲ့သည်။
Time | Activities |
---|---|
6:40-8:00 a.m. | ဆွမ်းလောင်းပွဲ။ |
9:30-11:00 a.m. | ဘုရားရှိခိုး၊ တရားထိုင်ခြင်းနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ခြင်း။ |
1:30 p.m. | တရားထိုင်ခြင်း။ |
2:00 p.m. | ဗုဒ္ဓရုပ်ပွါးတော်များ သွင်းလုပ်ပူဇော်ခြင်းအခမ်းအနား။ |
3:00 p.m. | အဓိဋ္ဌာန်ပြုဆုတောင်းခြင်းနှင့် မေတ္တာဓာတ်များ ဖြန့်ဝေပေးပို့ခြင်း။ |
3:15 p.m. | အခမ်းအနား ပြီးဆုံးခြင်း။ |
5:30 p.m. | မဟာဓမ္မကာယစေတီရင်ပြင်တွင် စုဝေးနေရာယူခြင်း။ |
6:00 p.m. |
အခမ်းအနားဦးဆောင်ဆရာတော် ကြွရောက်လာခြင်း။ ဗဟိုဆီမီး ထွန်းညှိခြင်း၊ ဘုရားရှိခိုးခြင်းနှင့် တရားထိုင်ခြင်း။ |
6:40 p.m. |
အခမ်းအနားဦးဆောင်ဆရာတော်မှ မာဃပူဇာဂါထာများ ရွတ်ဆိုခြင်း။ တာဝန်ရှိလူပုဂ္ဂိုလ်မှ ဆီမီးနှင့်အမွှေးတိုင်များ ထွန်းညှိပူဇော်ခြင်း။ |
6:50 p.m. |
ဦးဆောင်ဆရာတော်မှ တာဝန်ရှိလူပုဂ္ဂိုလ်ထံ ဆီမီးကူးစပ်ထွန်းညှိပေးခြင်း။ ထို့နောက် မဟာဓမ္မကာယစေတီတော်ကို လှည့်ပတ်ပူဇော်ခြင်း။ |
7:30 p.m. |
မာဃဆီမီးလှူဒါန်းပြီး အဓိဋ္ဌာန်ပြုဆုတောင်းခြင်း။ ကမ္ဘာတစ်လွှားမှ ပါဝင်လာသူများ ဆီမီးထွန်းညှိပူဇော်ခြင်း။ အဓိဋ္ဌာန်ပြုဆုတောင်းခြင်းနှင့် မေတ္တာဓာတ်များ ဖြန့်ဝေပေးပို့ခြင်း။ |
8:00 p.m. | အခမ်းအနားပြီးဆုံးခြင်း။ |
မဟာဓမ္မကာယစေတီရင်ပြင်တော်ပေါ်တွင် ဓမ္မစကြာဒေသနာတော်ကို အကြိမ်ရေ ၅,၁၇၀,၀၀၁,၂၅၀ ပြည့်အောင် ရွတ်ဖတ်ပူဇော်ကြမည်။