မာဃပူဇာနေ့

ဓမ္မကာယကျောင်းတိုက်၊ ထိုင်းနိုင်ငံ။

မတ်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်

ကမ္ဘာပေါ်ရှိ လူသားတို့သည် ပျော်ရွှင်ခြင်းကို ရှာဖွေနေကြသော်လည်း ပျော်ရွှင်ခြင်းအစစ်ကို ရှာမတွေ့နိုင် ဖြစ်နေကြသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၆ဝဝ-ကျော်က မြတ်ဗုဒ္ဓသည် မဟာဗောဓိပင်အောက်တွင် သစ္စာလေးပါးကို သိမြင်တော်မူကာ ဘုရားအဖြစ်ကို ရောက်ရှိခဲ့သည်။ မွေးဖွားခြင်းကင်းရာဖြစ်သော၊ သံသရာမှ လွတ်မြောက်ကြောင်းဖြစ်သော ငြိမ်အေးချမ်းသာခြင်းအစစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်သို့ရောက်ရှိပြီး ကိုးလအကြာ တပို့တွဲလပြည့်ညတွင် ဧဟိဘိက္ခုများဖြစ်ကြသော ရဟန္တာအရှင်မြတ် ၁၂၅ဝ-ပါးတို့အား ဗုဒ္ဓသာသနာ၏ မူဝါဒ၊ စည်းကမ်းချက်များနှင့် ကျင့်ကြံအားထုတ်ရမည့်နည်းလမ်းများ ပါဝင်သော “သြဝါဒပါတိမောက်” ကို ဟောမိန့်တော်မူခဲ့သည်။

အခမ်းအနားအစီအစဥ်များ

Time Activities
6:40-8:00 a.m. ဆွမ်းလောင်းပွဲ။
9:30-11:00 a.m. ဘုရားရှိခိုး၊ တရားထိုင်ခြင်းနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ခြင်း။
1:30 p.m. တရားထိုင်ခြင်း။
2:00 p.m. ဗုဒ္ဓရုပ်ပွါးတော်များ သွင်းလုပ်ပူဇော်ခြင်းအခမ်းအနား။
3:00 p.m. အဓိဋ္ဌာန်ပြုဆုတောင်းခြင်းနှင့် မေတ္တာဓာတ်များ ဖြန့်ဝေပေးပို့ခြင်း။
3:15 p.m. အခမ်းအနား ပြီးဆုံးခြင်း။
5:30 p.m. မဟာဓမ္မကာယစေတီရင်ပြင်တွင် စုဝေးနေရာယူခြင်း။
6:00 p.m. အခမ်းအနားဦးဆောင်ဆရာတော် ကြွရောက်လာခြင်း။
ဗဟိုဆီမီး ထွန်းညှိခြင်း၊ ဘုရားရှိခိုးခြင်းနှင့် တရားထိုင်ခြင်း။
6:40 p.m. အခမ်းအနားဦးဆောင်ဆရာတော်မှ မာဃပူဇာဂါထာများ ရွတ်ဆိုခြင်း။
တာဝန်ရှိလူပုဂ္ဂိုလ်မှ ဆီမီးနှင့်အမွှေးတိုင်များ ထွန်းညှိပူဇော်ခြင်း။
6:50 p.m. ဦးဆောင်ဆရာတော်မှ တာဝန်ရှိလူပုဂ္ဂိုလ်ထံ ဆီမီးကူးစပ်ထွန်းညှိပေးခြင်း။
ထို့နောက် မဟာဓမ္မကာယစေတီတော်ကို လှည့်ပတ်ပူဇော်ခြင်း။
7:30 p.m. မာဃဆီမီးလှူဒါန်းပြီး အဓိဋ္ဌာန်ပြုဆုတောင်းခြင်း။
ကမ္ဘာတစ်လွှားမှ ပါဝင်လာသူများ ဆီမီးထွန်းညှိပူဇော်ခြင်း။
အဓိဋ္ဌာန်ပြုဆုတောင်းခြင်းနှင့် မေတ္တာဓာတ်များ ဖြန့်ဝေပေးပို့ခြင်း။
8:00 p.m. အခမ်းအနားပြီးဆုံးခြင်း။

မဟာဓမ္မကာယစေတီရင်ပြင်တော်ပေါ်တွင် ဓမ္မစကြာဒေသနာတော်ကို အကြိမ်ရေ ၅,၁၇၀,၀၀၁,၂၅၀ ပြည့်အောင် ရွတ်ဖတ်ပူဇော်ကြမည်။

နေရာ

အာရုံဦးနံနက်ခင်း : ဓမ္မကာယ ဓမ္မာရုံခန်းမတွင်

အာရုံဦးနံနက်ခင်း

ဓမ္မကာယ ဓမ္မာရုံခန်းမတွင်
နံနက်ပိုင်းအခမ်းအနား : ဓမ္မကာယ ဓမ္မာရုံခန်းမတွင်

နံနက်ပိုင်းအခမ်းအနား

ဓမ္မကာယ ဓမ္မာရုံခန်းမတွင်
နေ့လည်ပိုင်းအခမ်းအနား : ဓမ္မကာယ ဓမ္မာရုံခန်းမတွင်

နေ့လည်ပိုင်းအခမ်းအနား

ဓမ္မကာယ ဓမ္မာရုံခန်းမတွင်
ညခင်းပိုင်းအခမ်းအနား : မဟာဓမ္မကာယစေတီရင်ပြင်တွင်

ညခင်းပိုင်းအခမ်းအနား

မဟာဓမ္မကာယစေတီရင်ပြင်တွင်

ကျောင်းတိုက်သို့ အသစ်ရောက်လာသူများအတွက်

ဆောင်ရန်/ရှောင်ရန် စည်းကမ်းချက်များ

  1. အခမ်းအနားအတွင်း၌ ယူဆောင်လာသော အီလက်ထရောနစ် ဆက်သွယ်ရေးစက်ပစ္စည်း အားလုံးကို ပိတ်ထားရမည်။ အကယ်၍ ဖုန်းပြောရန်လိုအပ်ပါက နေ့လည်စာအတွက် အနားပေးချိန်တွင် ပြောနိုင်ပါသည်။
  2. ကျေးဇူပြု၍ အခမ်းအနားချိန်အတွင်း မလိုအပ်သောစကားများ မပြောပါနှင့်။
  3. ကျေးဇူးပြု၍ အခမ်းအနားကျင်းပနေစဥ် မတ်တပ်ရပ်၍ ဓာတ်ပုံရိုက်ခြင်းများ မပြုလုပ်ပါနှင့်။
  4. ကျေးဇူးပြု၍ ဗုဒ္ဓဆင်းတုတော်၊ ရဟန်းတော်များနှင့် လေးစားထိုက်သောအရာများ ရှိရာဆီသို့ သင့်ခြေထောက်ကို ဆန့်မထားပါနှင့်။
  5. အမျိုးသမီးများအနေဖြင့် ရဟန်းတော်များနှင့် ရဟန်းတော်များ၏သင်္ကန်းများကို မထိတိုက်မိအောင် သတိထားရှောင်ရှားရမည်။
  6. သန့်စင်ခန်းသို့ မဝင်မီ ဖိနပ်လဲပါ။
  7. ကျေးဇူးပြု၍ အဖိုးတန်ပစ္စည်းများကို မိမိနှင့်အတူ အချိန်တိုင်းယူဆောင်သွားပါ။ အဖိုးတန်ဖိနပ်များကို အိတ်ဖြင့်ထည့်၍ အခမ်းအနားမဏ္ဍပ်ထဲသို့ ယူဆောင်သွားနိုင်ပါသည်။ သင်တို့၏ပစ္စည်းတစ်ခုခု ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးဆုံးခြင်းများဖြစ်ခဲ့သော် ကျောင်းတိုက်၏တာဝန်မဟုတ်ပါ။
  8. ကျောင်းတိုက်ဧရိယာအတွင်း ဆေးလိပ်မသောက်ရ။

ဆီမီးအလင်းရောင်များသည် ကမ္ဘာမြေငြိမ်းချမ်းခြင်းကို ကိုယ်စားပြုပါသည်။

Share this event